သတင်းများ၊ ရုပ်ရှင်များ၊ သီချင်းများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 8, 2017

True Legend (2010) မြန်မာစာတန်းထိုး




IMDb 6.4 ရထားပြီး တိုက်ခိုက် ခန်းတွေ များများ ပါတဲ့ ဇာတ်ကား တစ်ကားကို သိုင်းကားကြိုက် ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေး လိုက်ပါရစေ။

ပါဝင် သရုပ်ဆောင် ထားတဲ့ မင်းသား မင်းသမီး တွေက ပရိတ်သတ်ကြီး နဲ့ သိပ်မစိမ်း လှတဲ့ မင်းသား မင်းသမီးတွေ ဖြစ်ပြီး အဓိက ဇာတ်ဆောင် မင်းသားကြီး ကတော့ သိုင်းလောက မုန်တိုင်း ဇာတ်လမ်း တွဲထဲက မင်းသားကြီး ယွဲ့ဖုန်း ဖြစ်ပါတယ်။

သိုင်းလောက မုန်တိုင်း ဇာတ်ကား ထဲကလိုပဲ ဒီကားထဲ မှာလဲ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင် သွားနိုင်တာကို ပရိတ်သတ် ကြီးက ခံစားကြည့်ရှူ ရမှာပါ။

ဒီဇာတ်လမ်းလေး ထဲမှာတော့ အတ္တတွေ မာန်မာနတွေနဲ့ လက်စားချေခြင်းရဲ့ ပူလောင်ခြင်း သဘော တရားတွေသာ မကပဲ လူ့လောက မှာ နေ့စဉ် ကြုံတွေ့ နေရတဲ့ လူတွေရဲ့ သဘော သဘာဝတွေ ကိုပါ မီးမောင်း ထိုးပြထားပြီး အတ္တကြီးပြီး စိတ်ဖောက်ပြန်တတ်ပုံ ကိုလည်း ပီပီပြင်ရိုက်ကူးပြ ထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုလ်မှူး စုဟာ သူ့စစ်တပ် ကနေ အနားယူပြီး မိန်းမဖြစ်သူနဲ့ အတူ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်း နေသူ တစ်ဦးပါ။

စု ရဲ့ ယောက္ဖ နဲ့ မိန်းမကို စုရဲ့ အဖေကပဲ မွေးစားပြီး ကျွေးမွေး စောင့်ရှောက် ခဲ့ပါတယ် ဒီလို ကျွေးမွေးစောင့်ရှောက် ခဲ့တယ် တာကလည်း စု ရဲ့ အဖေဟာ လူအများ အကျိုး
အတွက် စု ယောက္မကြီးကို သတ်ခဲ့ လို့လည်း ဖြစ်ပါတယ်။

ဒီလို နဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့ စုရဲ့ ယောက္ဖဟာ တစ်နေ့မှာ အိမ်ပြန် လာပြီး မွေးအဖေရဲ့ သွေးကြွေး ကလဲ့စားကို လှလှပပကြီး ဆပ်လိုက်တဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီး ကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့နော်။

ဒီဇာတ်ကားကို ဘာသာပြန်ပေးတဲ့ သူကတော့ Kyaw Myo Thu ပဲ ဖြစ်ပါတယ်ဗျ။


From : 777MM TV

Originally published at - https://www.facebook.com/777MMTV/?hc_ref=NEWSFEED&fref=nf

No comments:

Post a Comment