သတင်းများ၊ ရုပ်ရှင်များ၊ သီချင်းများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, August 23, 2016

2016 ထွက် ဂျက်ကီချန်း ကားအသစ်



  • File Size : 800 MB
  • Quality : 720 HDTC
  • Running Time : 1hr 47 minute
  • Format : Mp4
  • Genre : Action, Comedy
  • Encoder : Joker.phs
2016 ထွက် ဂျက်ကီချန်း ကားအသစ် တင်ပေး လိုက်ပါတယ်။ ဇာတ်လမ်း ကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူ ပါတယ်။

ဂျက်ကီဟာ ရဲအရာရှိ တစ်ဦး ဖြစ်ပြီး မည်သူမှန်း မသိတဲ့ မြေအောက် လျှို့ဝှက် ဒုစရိုက် ခေါင်းဆောင် တစ်ဦးကို ဖော်ထုတ်ဖို့ ကြိုးစားနေ ခဲ့ပါတယ်။

ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်ရဲ့ အမည်ဝှက် ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ် သမား ) လို့ပဲ သိထား ကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံ ခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက် ခဲ့ပါတယ်။

ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယ ရှိသူ ပိုင်တဲ့ ကာစီနိုရုံမှာ သူလျို ၀င်လုပ်ရင်း အန္တရာယ်နဲ့ ကြုံလာ သလို၊ အမေရိကန် လူမျိုး ဖဲသမား လူလိမ် ကော်နာဝက်စ် ကလည်း အဲဒီ ကာစီနို ၀ိုင်းမှာ လူသတ်မှု တစ်ခုကို မျက်မြင် သက်သေ ဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေး လာခဲ့ ပါတယ်။

အဓိက ဇာတ်လမ်း ကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမား လူလိမ် ကော်နာဝက်စ် ကို မကာအို ကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက် ကြုံရ တာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာ ပွဲတော် အလှတွေ ရောပြီး လှလှပပ ပြသ ထားတာပါပဲ။

ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန် အချိန်ကျ လာပြန်ပြီဆိုတော့ အားပေးကြပါဦး။

(Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)

ထွက်ရှိထွက်သမျှ ထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTC ဗားရှင်းနဲ့ တင်ပေး ထားပါတယ်။ Blu Ray ရရင်လဲ Update ပေးမှာမို့ Blu Ray ရမှ ကြည့်မယ် ဆိုတဲ့ လူတွေ စောင့်ကြပါဦး

(အညွန်းရေးပေးသူ ကတော့ Little Neo ဖြစ်ပြီး ဘာသာပြန် သူကတော့ SKL ဖြစ်ပါတယ်)

Originally published at - Download And watch

From : Channel Myanmar

Originally published at - http://www.channelmyanmar.org

No comments:

Post a Comment