သတင်းများ၊ ရုပ်ရှင်များ၊ သီချင်းများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 7, 2016

အော်စကာ ပူပူနွေးနွေး ရရှိထားတဲ့ ဇာတ်ကား The Revenant (2015) မြန်မာ စာတန်းထိုး




ဒီဇာတ်ကား ကတော့ လက်တလော တောင်းဆိုသူ အများဆုံး ဇာတ်ကားဖြစ်ပြီး Leonardo DiCaprio ရဲ့ အော်စကာ ပူပူနွေးနွေး ရရှိထားတဲ့ ဇာတ်ကား ဖြစ်သလို
၂၀၁၅ အတွက် အကောင်းဆုံး ဒါရိုက်တာဆု ကိုလည်း ဒီ The Revenant ဇာတ်ကားနဲ့ ဒါရိုက်တာ Alejandro က လက်ခံ ရရှိထားတဲ့ ဇာတ်ကားပါ...

ဇာတ်လမ်းကတော့.....
သက္ကရာဇ် ၁၈၂၃ . . . . ကပ္ပတိန် Andrew Henry တို့အဖွဲ့ဟာ အနီးအနား တဝိုက် တောနက်တွေ ထဲမှာ သားမွေးတွေ ရရှိရန် အလို့ငှာ အမဲလိုက်လျက် ရှိပါတယ်။ သူတို့တတွေ ရရှိထားတဲ့ သားမွေးတွေကို ထုတ်ပိုးပြီး ပြန်ဖို့ရာ ပြင်ဆင်နေဆင် ဒေသခံ Arikara လူမျိုးတွေရဲ့ အလစ် တိုက်ခိုက် ခြင်းကို ခံရပါ တော့တယ်။

အဖွဲ့ဝင် တချို့သာ ထွက်ပြေး လွတ်မြောက်နိုင် ခဲ့ပြီး အများစု ကတော့ အသတ်ခံ လိုက်ရ ပါတော့တယ်။ ထိုထွက်ပြေး လွတ်မြောက် သွားသူတွေ ထဲမှာမှ Glass ဟာ အမဲလိုက် အတွေ့ အကြုံ အရှိဆုံးဖြစ်ပြီး ရေမြေဒေသနဲ့ ဒေသခံ တွေအကြောင်း သိရှိသူ ဖြစ်ပါတယ်။

Glass ရဲ့ အကြံပေးမှုနဲ့ သူတို့အဖွဲ့ဟာ ထွက်ပြေး လွတ်မြောက် လာတဲ့ လှေကို စွန့်ခွာပြီး တောထဲမှ တစ်ဆင့် သူတို့ စခန်းကို ပြန်ကြ ပါတော့တယ်။ ထိုဆုံးဖြတ်ချက်ကို အများစုက သဘောမကျ ကြပါဘူး။ Glass မှာ Hawk ဆိုတဲ့ သား တစ်ယောက်ရှိပြီး လူငယ် အရွယ်သို့ပင် ရောက်ရှိနေပါပြီ။

လမ်းရှာဖွေတဲ့ သူတွေ အရှေ့က သွားနေစဉ်မှာ Glass ဟာ ဝက်ဝံ တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံရ ပါတော့တယ်။ ဝက်ဝံကို သတ်ဖြတ်နိုင်လိုက် ပေမယ့် Glass တစ်ယောက်လည်း သေလု မြောပါး ဒဏ်ရာ ရရှိသွား ပါတော့တယ်။

ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ Glass ဟာ အသက်ရှင်နိုင်မှာ မဟုတ် တာကြောင့် Glass ကို သတ်ဖြတ် ထားခဲ့ပြီး ခရီးပေါက်အောင် Fitzgerald က ပြောပေမယ့် ကပ္ပတိန် Henry က သဘော မတူပါဘူး။ ကပ္ပတိန် Henry က ပိုက်ဆံ အများ အပြား ပေးပြီး Glass ကို ဖေးမ သယ်ဆောင် လာစေပြီး တကယ်လို့ သေဆုံး သွားခဲ့ရင်လည်း ကောင်းမွန်စွာ မြေမြုပ်ပေးရန် တောင်းဆိုချက်က Fitzgerald က သဘော တူခဲ့ပြီး သူနဲ့ အတူ Jim Bridger လဲ အဖော် အဖြစ် နေခဲ့မှာပါ။

ထို့အတူ Glass ရဲ့သား Hawk လည်း ကျန်နေရစ် ခဲ့ပါတယ်။

လမ်းတဝက် နားနေစဉ် Fitzgerald ကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို Hawk က တွေ့ရှိ သွားပါတော့တယ်။ ထို့နောက် Fitzgerald ဟာ Hawk ကို သတ်ဖြတ် မိသွားပြီး မလှုပ်မရှားနိုင်တဲ့ Glass ဟာ သူ့သား Hawk အသတ်ခံ ရတာကို ဘာမှ မကူညီနိုင်ပဲ ဒီအတိုင်းပဲ ကြည့်နေနိုင် ပါတော့တယ်။

Bridger ပြန်လာတဲ့ အခါမှာတော့ Fitzgerald က Hawk ပျောက်နေပြီး Glass ဟာလည်း ကာကွယ် ပေးဖို့ အတွက် အပြင်းအထန် ဒဏ်ရာရ နေတယ်လို့ ဆိုပါတယ်။ သူတို့နောက်ကို လိုက်လာတဲ့ ဒေသခံ Arikara လူမျိုးတွေလည်း ရှိတာမို့ Glass ကို ထားခဲ့ပြီးသွားဖို့ Fitzgerald ဟာ ညာပြော ပါတော့တယ်။

Bridger ဟာ တုံ့စိုင်းနေပေမယ့်လည်း Glass ကို ထားခဲ့ကာ Fitzgerald နဲ့ အတူ ထွက်ပြေး သွားပါ တော့တယ်။ ဒဏ်ရာရနေတဲ့ Glass ဟာ ဒေသခံ Arikara လူမျိုးတွေရဲ့ ရန်ကလည်း သီသီကလေး လွတ်မြောက် သွားခဲ့ ပါတော့တယ်။

Arikara လူမျိုးခေါင်းဆောင် Powaqa ဟာ ဖမ်းဆီးခေါ်ဆောင် သွားခံရတဲ့ သူ့သမီးကို လိုက်လံ ရှာဖွေနေတာ ဖြစ်ပါတယ်။

သူ့သားကို သတ်သွားတဲ့ Fitzgerald ကို Glass တစ်ယောက် ပြန်တွေ့ လက်စားချေနိုင်ပါ့မလား . . . . . Powaqa ကကော သူ့သမီကို ပြန်ရှာတွေ့ နိုင်ပါ့မလား . . . ။ ထိုနောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ . . . . . . . .

အညွန်းကိုတော့ http://mmmovieguide.com ကနေ ယူကူးယူ ဖော်ပြပါတယ်...။

ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ် အသေးအကြီးနဲ့ တင်ပေးထားပါတယ်။

ဒီမှာနှိပ်ပြီးဒေါင်းယူပါ

ချမ်းငြိမ်း-မှော်ဝန်း

Originally published at - http://channyeinmw.blogspot.com.au/2016/03/the-revenant-2015.html


No comments:

Post a Comment